Skip to main content

Posts

Amitriptyline နှင့်ပတ်သက်သောအရေးကြီးသောအချက်ငါးချက်

  Amitriptyline နှင့်ပတ်သက်သောအရေးကြီးသောအချက်ငါးချက်  1. Amitriptyline သည် tricyclic antidepressants ဟုခေါ်သော ဆေးဝါးအမျိုးအစားတွင် ပါ၀င်သော စိတ်ဓာတ်ကျဝေဒနာကု ဆေးဖြစ်တယ်။  2. စိတ်ကျရောဂါနှင့် အခြားစိတ်ကျန်းမာရေးအခြေအနေများဖြစ်သည့် စိုးရိမ်ပူပန်မှု၊ စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (PTSD) နှင့် နာတာရှည်နာကျင်မှုတို့ကို ကုသရန် အများအားဖြင့် အသုံးပြုကြတယ်။  3. Amitriptyline သည် စိတ်ခံစားချက်ကို ထိန်းညှိပေးသည့် ဦးနှောက်အတွင်းရှိ အာရုံကြောဓာတ်တစ်မျိုးဖြစ်သည့် serotonin အဆင့်ကို တိုးမြှင့်ခြင်းဖြင့် အလုပ်လုပ်ပါတယ်။  4. Migraines နှင့် tension headaches ကဲ့သို့သော ခေါင်းကိုက်ခြင်းအချို့ကို ကုသရာတွင်လည်း ထိရောက်မှုရှိနိုင်ပါတယ်။  5.  Amitriptyline ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများတွင် အိပ်ငိုက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အမြင်မှုန်ဝါးခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ပါဝင်သည်။ ပိုမိုပြင်းထန်သော ဘေးထွက်ဆိုးကျိုးများတွင် နှလုံးခုန်နှုန်း ကျဆင်းခြင်း၊ တက်ခြင်း နှင့် အပြုအမူ ပြောင်းလဲခြင်းများ ပါဝင်သည်။
Recent posts

သွေးလေးဖက်နာရောဂါကုဆေးများနဲ့ပတ်သတ်ပြီး မဖြစ်မနေ သိထားရမည့်အချက်များ

  သွေးလေးဖက်နာရောဂါကုဆေးများနဲ့ပတ်သတ်ပြီး မဖြစ်မနေ သိထားရမည့်အချက်များ လေးဖက်နာရောဂါဆိုတာဘာလဲ လေးဖက်နာရောဂါဆိုတာ ကံဆိုးလို့ဖြစ်တဲ့ရောဂါ တစ်မျိုးလို့ပဲ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထဲမှာ နဂိုကတည့်းက ရှိနှင့်နေပြီးသား ခုခံအားက ပိုမိုလွန်ကဲပြီးတော့ ကိုယ်ခန္ဓာကိုယ် မှားပြီးတိုက်ခိုက်လို့ပဲ ဖြစ်ပါတယ်။ ဘာကို တိုက်ခိုက်သလဲဆို ‌ တော့ အရိုးအဆစ်တွေက စပြီးတိုက်ခိုက်တယ်။ ကြာလာရင် နှလုံး၊ကျောက်ကပ်၊အသည်းတို့ကို တိုက်ခိုက်ပါတယ်။ စပြီးတော့ တိုက်ခိုက်ခံရတာကတော့ ခြေဆစ်လက်ဆစ်၊လက်ကောက်ဝတ်၊ခြေကျင်းဝတ်တွေ ဖြစ်ပါတယ်။ ဆေးမကုဘဲထားရင် ရောဂါကပိုဆိုးလာပြီး အဆစ်တွေပျက်စီးမယ်။ ခြေဆစ်လက်ဆစ်တွေ ကွေးကောက်လာမယ်။ သွေးလေးဖက်နာရောဂါက အဖြစ်များသလား အဖြစ်များပါတယ်။ အသက် ၄၀ ကျော်၊ ၅၀ ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ ဘယ်လိုလက္ခဏာတွေပြသလဲ ခြေဆစ်လက်ဆစ်လေးတွေက စပြီးထိခိုက်လို့ မနက်မိုးလင်းလာရင် ခြေဆစ်လက်ဆစ်လေးတွေ တောင့်တင်းနေတတ်တယ်။ Morning stiffness လို့ခေါ်တယ်။ မိနစ် ၃၀ ၊ ၁ နာရီလောက်နေမှ ကောင်းသွားတတ်တယ်။ သွေးလေးဖက်နာလို့ အတိအကျ ဘ...