သွေးလေးဖက်နာရောဂါကုဆေးများနဲ့ပတ်သတ်ပြီး မဖြစ်မနေ သိထားရမည့်အချက်များ
လေးဖက်နာရောဂါဆိုတာဘာလဲ
လေးဖက်နာရောဂါဆိုတာ ကံဆိုးလို့ဖြစ်တဲ့ရောဂါ တစ်မျိုးလို့ပဲ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထဲမှာ နဂိုကတည့်းက ရှိနှင့်နေပြီးသား ခုခံအားက ပိုမိုလွန်ကဲပြီးတော့ ကိုယ်ခန္ဓာကိုယ် မှားပြီးတိုက်ခိုက်လို့ပဲ ဖြစ်ပါတယ်။ ဘာကို တိုက်ခိုက်သလဲဆိုတော့ အရိုးအဆစ်တွေက စပြီးတိုက်ခိုက်တယ်။ ကြာလာရင် နှလုံး၊ကျောက်ကပ်၊အသည်းတို့ကို တိုက်ခိုက်ပါတယ်။ စပြီးတော့ တိုက်ခိုက်ခံရတာကတော့ ခြေဆစ်လက်ဆစ်၊လက်ကောက်ဝတ်၊ခြေကျင်းဝတ်တွေ ဖြစ်ပါတယ်။ ဆေးမကုဘဲထားရင် ရောဂါကပိုဆိုးလာပြီး အဆစ်တွေပျက်စီးမယ်။ ခြေဆစ်လက်ဆစ်တွေ ကွေးကောက်လာမယ်။
သွေးလေးဖက်နာရောဂါက အဖြစ်များသလား
အဖြစ်များပါတယ်။ အသက် ၄၀ ကျော်၊ ၅၀ ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။
ဘယ်လိုလက္ခဏာတွေပြသလဲ
ခြေဆစ်လက်ဆစ်လေးတွေက စပြီးထိခိုက်လို့ မနက်မိုးလင်းလာရင် ခြေဆစ်လက်ဆစ်လေးတွေ တောင့်တင်းနေတတ်တယ်။ Morning stiffness လို့ခေါ်တယ်။ မိနစ် ၃၀ ၊ ၁ နာရီလောက်နေမှ ကောင်းသွားတတ်တယ်။
သွေးလေးဖက်နာလို့ အတိအကျ ဘယ်လိုပြောနိင်သလဲ
သွေးလေးဖက်နာလို့ အတိအကျ ပြောနိုင်ဖို့ လက္ခဏာတွေ ကြည့်ရမယ်။ သွေးစစ်ရပါမယ်။ ဓာတ်မှန်ရိုက်ရမယ်။ လက္ခဏာတွေက ခြေဆစ်လက်ဆစ်လေးတွေက စပြီးထိခိုက်လို့ မနက်မိုးလင်းလာရင် ခြေဆစ်လက်ဆစ်လေးတွေ တောင့်တင်းနေတတ်တယ်။ Morning stiffness လို့ခေါ်တယ်။ မိနစ် ၃၀ ၊ ၁ နာရီလောက်နေမှ ကောင်းသွားတတ်တယ်။ အဆစ်တွေက ဘယ်ညာ စုံဖြစ်တယ်။ တဖက်တည်းမဖြစ်ဘူး။
ရောဂါကို သိဖို့ ဘယ်လို စစ်ဆေးမှု့တွေကို လုပ်ရမလဲ
သွေးစစ်ရမယ်။ CP,ESR, CRP, Rheumatoid Factor, Anti CCP တို့ကို စစ်ဖို့ လိုတယ်။ သွေးအဖြေကို ကြည့်ပြီး သွေးလေးဖက်နာရှိမရှိ ဆုံးဖြတ်တယ်။ သွေးလေးဖက်နာ ဖြစ်နေပြီ ဆိုရင် ဆေးစပေးပါပြီ။
ဓာတ်မှန်မှာ သွေးလေးဖက်နာဆိုတာ ဘယ်လို သိနိင်လဲ
ခြေဆစ်လက်ဆစ်လေးတွေကို ဓာတ်မှန်ရိုက်ကြည့်ရင် အဆစ်လေးတွေ ပျက်စီးနေတာ အရိုးအဆစ်လေးတွေကို စားသွားတဲ ပုံကို တွေ့ရမယ်။
သွေးလေးဖက်နာဖြစ်နေပြီဆိုရင် ဘာတွေစလုပ်ရမလဲ
ဆေးစသောက်ဖို့လိုလာပါပြီ။ သွေးလေးဖက်နာကို
ကုသတဲ့ ဆးအုပ်စု ၃ ခု ရှိပါတယ်။
NSAIDs ( အကိုက်အခဲပျောက်ဆေး)
Steroids ( အရောင်ကျဆေး)
DMARDs (သွေးလေးဖက်နာကုဆေး)
NSAIDs ( အကိုက်အခဲပျောက်ဆေး)
သွေးလေးဖက်နာ ဖြစ်ပြီဆိုရင် အကိုက်အခဲပျောက်ဆေးတွေကို ပေးရတယ်။ ခြေဆစ်လက်ဆစ်လေးတွေ၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်တွေ နာကျင်တာ၊ရောင်ရမ်းတာကို သက်သာစေဖို့ ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေး တစ်မျိုးတည်းနဲ့ ရောဂါကုသဖို့ မလုံလောက်ပါဘူး။ အခြားဆေးအုပ်စုကို လည်းတွဲပေးရပါတယ်။ မပေးလို့မရပါဘူး။ အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတွေကတော့ Ibuprofen, Diclofenac Sodium, Inodomethacin, Celecoxib, Etoricoxib တို့ဖြစ်ပါတယ်။ သတိထားရမှာက အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်ထိခိုက်ခြင်း ၊ အသဲထိခကိုက်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသာသောက်သုံးရမှာ ဖြစ်ပါတယ်။
Steroids ( အရောင်ကျဆေးများ )
အရောင်ကျဆေးများကိုလည်း အသုံးပြုပါတယ်။ အကိုက်အခဲပျောက်ဆေး နဲ့ အရောင်ကျဆေးကိုတော့ တွဲမသုံးပါဘူး။ တွဲသုံးရင် ဘေးထွက်ဆိုးကျိုး ပိုပြင်းထန်လို့ ဖြစ်ပါတယ်။ ရောဂါပြင်းထန်ရင်တော့ ပေးပါတယ်။ အသုံးများတဲ့ စတီးရွက် အရောင်ကျဆေးများကတော့ Prenisolone, Methylprenisolone, Dexamethasone တို့ဖြစ်ပါတယ်။ စတီးရွက်ဆေးများနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ ဆေးများသည် ကောင်းသလို ဘေးထွက်ဆိုးကျိုးအလွန်များပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ သောက်ရမှာ ဖြစ်ပါတယ်။
DMARDs ( သွေးလေးဖက်နာကုဆေး)
သွေးလေးဖက်နာရောဂါအတွက် အဓိက အကျဆုံးဆေးဝါးများဖြစ်ပါတယ်။ NSAIDs (အကိုက်အခဲပျောက်ဆေး)နဲ့ Steroids ( အရောင်ကျဆေးများ
) များသည် လတ်တလောဖြစ်နေတဲ့ ကိုက်ခဲရောင်ရမ်းဝေဒနာကို သက်သာစေတာဖြစ်ပါတယ်။
ရောဂါကို ပျောက်စေတဲ့ဆေးတွေ မဟုတ်ပါဘူး။ DMARDs ဆေးတွေကတော့ ရောဂါကို ပိုမဆိုးအောင်၊ ရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျော့ပါးသက်သာအောင်
ထိန်းထားပေးတဲ့ ဆေးတွေဖြစ်ပါတယ်။ သွေးလေးဖက်နာရောဂါကို
ပျောက်စေတဲ့ ဆေးဆိုတာ မရှိပါဘူး။ ရောဂါကလည်း သွေးတိုးရောဂါလိုပါပဲ။ ပျောက်ကင်းအောင်
လုပ်လို့မရဘဲ။ ရောဂါကို ပိုဆိုးမလာအောင်
ထိန်းထားရလို့ပဲ ဖြစ်ပါတယ်။ အသုံးအများဆုံး
သွေးလေးဖက်ကုသဆေးများကတော့ Methotrexate,Hydroxychloroquine,leflunomide,Sulphasalazine
တို့ဖြစ်ပါတယ်။ ရောဂါရဲ့အဓိကအကြောင်းအရင်းဖြစ်တဲ့ သွေးဖြူဥများကို
ထိန်းကျောင်းပေးသည့် ဆေးဖြစ်ပါတယ်။ ဆေးသော
က်ပြီး ၁ လကျော်လောက်မှ
ဆေးအာနိသင်ကို စရာတာဖြစ်လို့ ဆေးသောက်သောက်ချင်း
လက်ဆစ်ခြေဆစ်လေးများ ရောင်ရမ်းနာကျင်တာကို သက်သာစေမှာမဟုတ်ပါ။
ဒါကြောင့် NSAIDs သို့မဟုတ် Steroids ဆေးများကို ပေးထားရတာ ဖြစ်ပါတယ်။ DMARDs ဆေးများသည် ရေရှည် သောက်ရမည့် ဆေးများဖြစ်ပါတယ်။
နှစ်ရှည်လများသောက်ရတယ်။ မသေမချင်း သောက်နေရမည့် ဆေးဝါးများဖြစ်ပါတယ်။ အရိုးအဆစ်လေးတွေ
ကွေးကောက်မလာအောင်၊ နာကျင်ရောင်ရမ်းမှု့ကို လျော့ပါးသက်သာအောင်၊
နောက်ဆက်တွဲ ဆိုးကျိုးများကို မခံစားရအောင် ကူညီပေးမှာ ဖြစ်ပါတယ်။ မိမိသဘောနဲ့ ဖြတ်လို့မရပါ။
ဆရာဝန်ညွှန်ကြားသလို အမြဲသောက်နေရမှာ ဖြစ်ပါတယ်။ ဆေးများရဲ့ဘေးထွက်ဆိုးကျိုးများလည်း ရှိတဲ့အတွက် ၃ လတခါ သွေးစစ်ဆေးတာမျိုးကို လုပ်နေရမှာ ဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါများရဲ့ အခြေအနေကို အမြဲစစ်ဆေးနေရမှာ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်ရတဲ့ ဆေးဝါးများဖြစ်လို့ ပေါ့ပေါ့တန်တန်ထားလို့မရပါဘူး။ ဆေးများကလည်း ဈေးသိပ်မကြီးပါဘူး။ အများစုဝယ်ယူသောက်သုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ဈေးကွက်ထဲမှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။
ဆေးဝါးများသောက်သုံးခြင်းအပြင် Rehabilitation exercise လိုအပ်သူများအနေဖြင့် Physiotherapist ကာယကုဆရာဝန်များနှင့် တိုင်ပင်ပြီး Quality of life ကိုကောင်းနေအောင် ထိန်းထားရမှာ ဖြစ်ပါတယ်။ လူမမာဖြစ်ပြီး အိပ်ယာထဲ လဲမနေအောင် စနစ်တကျ ကုသမှု့ ခံယူရမှာ ဖြစ်ပါတယ်။
ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)
Comments
Post a Comment