သွေးလေးဖက်နာရောဂါကုဆေးများနဲ့ပတ်သတ်ပြီး မဖြစ်မနေ သိထားရမည့်အချက်များ လေးဖက်နာရောဂါဆိုတာဘာလဲ လေးဖက်နာရောဂါဆိုတာ ကံဆိုးလို့ဖြစ်တဲ့ရောဂါ တစ်မျိုးလို့ပဲ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထဲမှာ နဂိုကတည့်းက ရှိနှင့်နေပြီးသား ခုခံအားက ပိုမိုလွန်ကဲပြီးတော့ ကိုယ်ခန္ဓာကိုယ် မှားပြီးတိုက်ခိုက်လို့ပဲ ဖြစ်ပါတယ်။ ဘာကို တိုက်ခိုက်သလဲဆို တော့ အရိုးအဆစ်တွေက စပြီးတိုက်ခိုက်တယ်။ ကြာလာရင် နှလုံး၊ကျောက်ကပ်၊အသည်းတို့ကို တိုက်ခိုက်ပါတယ်။ စပြီးတော့ တိုက်ခိုက်ခံရတာကတော့ ခြေဆစ်လက်ဆစ်၊လက်ကောက်ဝတ်၊ခြေကျင်းဝတ်တွေ ဖြစ်ပါတယ်။ ဆေးမကုဘဲထားရင် ရောဂါကပိုဆိုးလာပြီး အဆစ်တွေပျက်စီးမယ်။ ခြေဆစ်လက်ဆစ်တွေ ကွေးကောက်လာမယ်။ သွေးလေးဖက်နာရောဂါက အဖြစ်များသလား အဖြစ်များပါတယ်။ အသက် ၄၀ ကျော်၊ ၅၀ ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ ဘယ်လိုလက္ခဏာတွေပြသလဲ ခြေဆစ်လက်ဆစ်လေးတွေက စပြီးထိခိုက်လို့ မနက်မိုးလင်းလာရင် ခြေဆစ်လက်ဆစ်လေးတွေ တောင့်တင်းနေတတ်တယ်။ Morning stiffness လို့ခေါ်တယ်။ မိနစ် ၃၀ ၊ ၁ နာရီလောက်နေမှ ကောင်းသွားတတ်တယ်။ သွေးလေးဖက်နာလို့ အတိအကျ ဘ...